CNF မှ ရန်ကုန်မြို့ရှိ ချင်းလူမျိုးများနှင့် တွေ့ဆုံ

 

Chin World Media,
July 31, 2012

ရန်ကုန်မြို့ရှိ ချင်းတက္ကသိုလ်ကျောင်းသားအချို့၏ စီစဉ်မှုဖြင့် ဂျူလိုင်လ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ချင်းအမျိုး သားတပ်ဦး (CNF) ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Dr. Sui Khar နှင့် ရန်ကုန်မြို့ရှိ ချင်းလူကြီးနှင့် ကျောင်းသား ခေါင်းများတွေ့ဆုံပွဲနှင့် ညစာစားပွဲအား Lai Baptist Chruch တွင် ကျင်းပပြုလုပ်ခဲ့ သည်ဟု သိရသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲအား ချင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ (တက္ကသိုလ် များ-ရန်ကုန်) မှ ခေါင်းဆောင် များဖြစ်သော Mai Betty နှင့် Mai Gracy Van Nei Kim တို့မှ အခမ်းအနားမှုးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီများမှ ခေါင်း ဆောင်များအပါအ၀င် ပရိတ်သတ် (၄၂) ဦးတက် ရောက်ခဲ့သည်ဟု သိရသည်။

ထိုတွေ့ဆုံပွဲတွင်- Dr. Sui Khar မှ- သူ၏ ခရီးစဉ်သည် CNF ၏ တာဝန် ပေးချက်အဖြစ် လာရောက်ခြင်းဖြစ်ပြီး၊ ခရီးစဉ်အတွင်း နေပြည်တော်တွင် ၀န်ကြီးဦးအောင်မင်း၊ ၀န်ကြီးဦးဝင်းထွန်း နှင့် ၀န်ကြီး ဦးဇော်မြင့်တို့နှင့် ပဏာမတွေ့ဆုံခဲ့ပြီး၊ အစိုးရနှင့် CNF ၏ ဒုတိယ အကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဆုံးမသတ်ရသေးသည့် အချက်များ၊ တတိယအကြိမ်ဆွေးနွေးမှုအတွက် ပြင်ဆင် မှုမှုများ ပြုလုပ်ရန် နှင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးဖြစ်ခဲ့သည်ဟု ညစာစား ပွဲတွင် ပြောကြားခဲ့ကြောင်း သတင်းတက်ရောက်ယူသူ- Chin World Media မှ Salai Hung Tun Gei မှ သတင်းပို့သည်။

တီးတိန်မြို့၌ ဆက်ဆံရေးရုံးဖွင့်မည့် ကိစ္စနှင့် စပ်လျဉ်း ၍- ဒေါက်တာရွှေခါးမှ အစည်းအဝေးတွင်- “ ကျနော် ဒီ တခေါက်လာတော့ တီးတိန်မြို့အ၀င်မှာ လူကြီး အယောက် (၂၀) လောက်နဲ့ တွေ့ဖြစ်ပါတယ်။ သူတို့ ပြောတာကတော့ ဆက်ဆံရေးရုံးကို အမြန်ဆုံးလာ ရောက် ဖွင့်လှစ်ဖို့ မေတ္တာရပ်ခံကြပါတယ်။ အဲဒါနဲ့ ပတ် သက်ပြီး Supreme Council ကိုလည်း တင်ပြပြီး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်ဟု သိရသည်။

ထိုညစာစားပွဲသို့ မတက်ရောက်သော- ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) မှ ဂျူလိုင်လ (၂၂) ရက်နေ့တွင် ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့ရာတွင် တီးတိန်မြို့နယ်လူထုများမှ လက်မှတ်များဖြင့် တီးတိန်မြို့တွင် လူထုလက်မှတ်များဖြင့် CNF ဆက်ဆံရေးရုံးဖွင့်လှစ်မည့် ကိစဏအား ကန့်ကွက်ခဲ့ကြသော်လည်း ဆက်လက် ခွင့်ပြုခြင်းအပေါ် ဦးအောင်မင်းအား မေးမြန်းခဲ့ပြီး၊ ဦးအောင်မင်းမှ- ဤကိစ္စအား သမ္မတ ထံတွင် တင်ပြပေးမည်နှင့် သမ္မတနှင့် တွေ့ဆုံသည့်အခါတွင်လည်း ထပ်မံတင်ပြရန် ဖြေဆိုခဲ့သည်ဟု သိရသည်။

Advertisement